အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။

"ADB command နဲ့ Applications တွေ Install/Uninstall လုပ်မယ်"

"ADB command နဲ့ Applications တွေ Install/Uninstall လုပ်မယ်"
***************************************************************************
အရင်ပို့ စ်တစ်ခုမှာ ADB command သုံးပြီး Lock Screen
Passwrod,Pattern,PIN ဖြုတ်ချတဲ့အကြောင်းတင်ပေးဖူးပါတယ်။
ခုတစ်ခါ ADB command သုံးပြီး ကွန်ပြူတာထဲက
Android Applications တွေကို ဖုန်းထဲကို Install လုပ်ခြင်း၊

ADB command သုံးပြီး ဖုန်းထဲက Applications တွေကို
Uninstall လုပ်ခြင်း ကို ပြောမှာပါ။
ADB ကိုလိုချင်ရင်တော့ ဒီမှာယူလိုက်ပါ။
File size က 451 KB ဘဲရှိပါတယ်။
http://www.solidfiles.com/d/01e85a0ad2/ADB.rar
ADB ရဲ့ အရှည်ကောက်က Android Debug Bridge ပါ။
ကွန်ပြူတာနဲ့ ဖုန်းအကြား ကြားခံဆက်သွယ်ပြီး
Error တွေ ရှင်းပေးသူပေါ့။ ရလာတဲ့ ADB.rar ကို
မဖြည်ဘဲသုံးရင် Error ရှိနိုင်တဲ့အတွက်
ADB folder ဖြစ်အောင် ဖြည်ချလိုက်ပါ။ အထဲက CMD ကိုဖွင့်လိုက်ပါ။
ပြီးရင် ကွန်ပြူတာနဲ့ ဖုန်းကို USB ကြိုးနဲ့ချိတ်ပြီး
USB debugging mode on ထားဦးနော်။
အရင်ဆုံး ကွန်ပြူတာထဲက Android Applications ကို
ဖုန်းထဲကို Install လုပ်တာအရင်ပြပါမယ်။
Install လုပ်တာနဲ့ Uninstall လုပ်တာနဲ့ ယှဉ်လိုက်ရင်
Install လုပ်တာက ပိုလွယ်ပါတယ်။
ADB folder ထဲက CMD ကိုဖွင့်ပြီးပြီဆိုရင် ရိုက်ရမယ့် Command က
adb install ApkPath ကိုရိုက်ရင် Internal Storage မှာသွင်းမှာဖြစ်ပါတယ်။
adb install –s ApkPath ကိုရိုက်ရင် SD card မှာသွင်းမှာဖြစ်ပါတယ်။
ApkPath ဆိုတဲ့နေရာမှာ Install လုပ်မယ့် applications ရဲ့
လမ်းကြောင်းကိုရိုက်ပေးရမှာပါ။
တင်ပေးထားတဲ့ ပုံ(၁) ကို ကြည့်လိုက်ပါ။ ပိုရှင်းသွားပါလိမ့်မယ်။
ပုံမှာ တွေ့ရမယ့် Command နှစ်ခုက ပထမ Command သည်
Desktop ပေါ်က Mobile ဆိုတဲ့ Folder ထဲက
RootExplorer.apk ဆိုတဲ့ applications ကို ဖုန်း Internal Stroage ထဲ
Install လုပ်တဲ့ Command ပါ။
ဒုတိယ Command က Mobile ဆိုတဲ့ Folder ထဲက SnapPea.apk ဆိုတဲ့
Applications ကို SD card မှာ Install လုပ်တာပါ။
Command နှစ်ခုလုံးရဲ့အောက်ဆုံးမှာ Success ပြထားတာကို
တွေ့မှာပါ။ Install လုပ်တာအောင်မြင်ကြောင်း ပြောတာပါ။
နောက်တစ်ခုအနေနဲ့ Uninstall လုပ်ပုံလေး ကြည့်လိုက်ရအောင်။
Uninstall လုပ်ဖို့ ဆိုရင် Package name တွေကိုသိထားရပါမယ်။
Package name ဆိုတာက com.viber.voip ,
com.thihaayekyaw.frozenkeyboard
စတဲ့နာမည်တွေကိုပြောတာပါ။ Viber applications ရဲ့ Name က
Viber ဖြစ်ပေမဲ့ package name က com.viber.voip ပါ။
အဲ့လိုဘဲ Frozen Keyboard ရဲ့ package name ကလည်း
com.thihaayekyaw.frozenkeyboard ပါ။
Package name သိဖို့ ဆိုရင် Command တစ်ကြောင်းရိုက်ပေးရပါမယ်။
adb shell pm list packages လို့ ရိုက်ထည့်လိုက်ပါ။
Package name တွေကျလာပါလိမ့်မယ်။
package : com.viber.voip ဆိုရင် com.viber.voip
ကိုဘဲယူရမှာပါ။ ရှေ့က package : မပါ ပါဘူး။
Package name သိပြီဆိုရင် Uninstall လုပ်လို့ ရပါပြီ။
ရိုက်ရမယ့် Command က adb uninstall com.viber.voip
ဆိုရင် Viber applications ကို Uninstall လုပ်သွားမှာပါ။
အခြား Applications တွေကို Uninstall လုပ်ချင်ရင်
အပေါ်မှာပြောခဲ့တဲ့ adb shell pm list packages နဲ့
ကြည့်လို့ ရပါတယ်။ ခုပို့ စ်မှာ ရိုက်ပြသွားတဲ့
Command က adb install/uninstall ပါ။
နောက်တစ်မျိုးအနေနဲ့ pm install/uninstall လဲရိုက်လို့ ရပါတယ်။
adb shell ထဲဝင်နေရင် adb ဆိုတဲ့ command ကိုသုံးလို့ မရပါဘူး။
အဲ့ဒီအခါမျိုးမှာ pm command ကိုသုံးရမှာပါ။
အားလုံးအဆင်ပြေကြပါစေ။

မင်္ဂလာပါ နည်းပညာ သန်းတန်ကိုလာရောက်လည်ကြတဲ့သူငယ်ချင်းတို့ရေ Link သေနေတာများတွေ့ရင်ကျေးဇူးပြု၍ Comment ပေးခဲ့ကြပါခင်ဗျာ။
 <<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>

Related Post

Previous
Next Post »

လိုအက်တာများတောင်ဆိုနိုင်ပါတယ်

မန်ဘာဝင်ခဲ့ခြင်းဖြင့်ပိုစ့်အသစ်တင်တိုင်း Gmail ထဲရောက်နေမှာပါ...

Blogroll