အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။

Cydia Impactor ကိုအသုံးပြုပြီး Android Device အားလုံးကို Root လုပ်နည်း



Android User အားလုံးအတွက် ဒီနေ့ Root Tool လေးတစ်ခုကို
မိတ်ဆက်ပေးချင်ပါတယ်၊ အဲဒါကတော့ Cydia Impactor ဖြစ်ပါတယ်။
Cydia ဆိုတာနဲ့ iOS ကြီးကိုသွားသတိမရလိုက်ပါနဲ့ဦး အခု Tool ကတော့
Android Device အတွက် သီးသန့်ဖြစ်ပါတယ်။

Android Software Guide ကိုအထူးလေ့လာလိုက်စားနေကြတဲ့ညီအကိုတွေအတွက်
Cydia Impactor ကိုအသုံးပြုပြီး Android Device အားလုံးအတွက် Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ဒီနေရာမှာ Cydia Impactor ဆိုတာဘာလဲဆိုပြီး အမေးများအတွက် အဖြေကတော့
ရိုးရှင်းပါတယ်၊ Cydia Impactor ဆိုတာ Windows Application တစ်ခုပဲဖြစ်ပါတယ်။

ပြောရရင် Root Tool တစ်မျိုးပေါ့  Android Device အားလုံးကို
ဒီ Tool ဖြင့် Root လုပ်မယ်ဆိုရင်တော့ a Single Click ပေါ့ဗျာ၊
ခေါင်းစားခံနေစရာမလိုပဲ တစ်ချက်တည်းနဲ့ Root အလွယ်ဖောက်ယူနိုင်ပါတယ်။
ဒီ Cydia Impactor ကိုတော့ iOS Device များစွာအတွက် 
Cydia ကိုဖန်တီးထားတဲ့ Developer Saurik ပဲဖြစ်ပါတယ်။
Cydia Impactor ဆိုင်ရာ Info ကိုသိသင့်သလောက်သိပြီးပြီဆိုရင်တော့
ဒီ Tool ကိုဘယ်လိုအသုံးပြုတယ်ဆိုတာကိုရှေ့ဆက်ရအောင်ပါ။
Cydia Impactor ကိုအသုံးပြုပြီး Android Device အားလုံးကို Root လုပ်နည်း
========================================
၁။ မိမိဖုန်းမှာ Setting > Developers Option > 
USB Debuggin ကို Enable ပေးထားပါ။
၂။ Cydia Impactor ကို အောက်ကကလင့်မှာရယူပါ
OR
 ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကို ဖြေလိုက်ပါ။
၃။ Impactor.exe ကို ဖွင့်လိုက်ပါ။
၎။ Cydia Impactor ဆောဝဲပွင့်လာတဲ့အခါ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။
၅။ အောက်ပါပုံအတိုင်း ကွန်ပျူတာကဖုန်းကိုသိပြီးဆိုတာနဲ့ 
Start ဆိုတာကိုနှိပ်ပေးလိုက်ပြီး Rooting process တစ်ခုကိုစတင်လိုက်ပါ။
၆။ Rooting process တစ်ခုပြီးသွားတဲ့အခါ 
(သို့) Cydia Impactor ကိုသွင်းပြီးသွားတဲ့အခါ မိမိဖုန်းမှာ 
SuperSU လေးအထင်းသားရောက်နေပါလိမ့်မယ်။
ဖုန်းကို Root လုပ်ခြင်းကိစ္စအောင်မြင်စွာပြီးဆုံးပါပြီ။
၇။ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်ထားတဲ့ ကြိုးကိုဖြုတ်လိုက်ပါ။
၈။ ဒီတစ်ခါ ဖုန်းကို Restart ချပေးလိုက်ပါ။
၉။ ၀ါပါပြန်တက်လာတဲ့အခါ Root Access လေးစမ်းသပ်ရန်အတွက်
Play Store မှာ RootChecker လေးကိုထည့်ပြီး စမ်းသပ်ကြည့်နိုင်ပါပြီ။

၁၀။ မိမိဖုန်းက Root Access ရရှိထားပြီးသားဖြစ်တဲ့အတွက်
SuperSu ဆော့ဝဲကိုဖွင့်လိုက်ပါ အောက်ပါပုံအတိုင်း
 Update တောင်းတဲ့အခါ ပြုလုပ်ပေးလိုက်ပါ။


Cydia Impactor ကိုအသုံးပြုပြီး Android Device အားလုံးကို
Root လုပ်ခြင်း ကိစ္စအောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ။


အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)

မင်္ဂလာပါ နည်းပညာ သန်းတန်ကိုလာရောက်လည်ကြတဲ့သူငယ်ချင်းတို့ရေ Link သေနေတာများတွေ့ရင်ကျေးဇူးပြု၍ Comment ပေးခဲ့ကြပါခင်ဗျာ။

 အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>

Related Post

Previous
Next Post »

လိုအက်တာများတောင်ဆိုနိုင်ပါတယ်

မန်ဘာဝင်ခဲ့ခြင်းဖြင့်ပိုစ့်အသစ်တင်တိုင်း Gmail ထဲရောက်နေမှာပါ...

Blogroll