အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။

SP Flash Tool အသုံးပြုပြီး Stock Rom & Custom Rom များကို Firmware ရေးနည်း

SP Flash Tool အသုံးပြုပြီး Stock Rom & Custom Rom များကို Firmware ရေးနည်း




Android Software Guide ကိုလေ့လာနေကြတဲ့ညီအစ်ကိုများအတွက်
မသိမဖြစ်သိထားရမယ့် Stock Rom & Custom Rom များကို
Flash ပြုလုပ်ပေးနိုင်တဲ့  SP Flash Tool အသုံးပြုနည်းကိုအားလုံးအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ SP Flash Tool ကိုသာကောင်းကောင်းအသုံးပြုတတ်ရင်တော့
တရုတ်စမတ်ဖုန်းများနဲ့တစ်ခြားနာမည်မရသေးတဲ့ MTK Device အမျာစုကို
Firmware အတွက် Stock Rom & Custom Rom များကိုအလွယ်တကူ
Firmware ရေးယူနိုင်မှာပဲဖြစ်ပါတယ်။

Firmware တင်နည်းကိုမလေ့လာမှီအရင်ဦးဆုံး ကွန်ပျူတာမှာလိုအပ်မယ့်
USB ပြသနာအတွက်ဖြေရှင်းပေးနိုင်တဲ့ CDC USB Driver ကို Install လုပ်နည်းကို
လေ့လာထားသင့်ပါတယ်၊ နို့မဟုတ်ရင်တော့ဖုန်းကိုကွန်ပျူတာကမသိတာတော့
ADB Interface ပြသနာကခနခဒုက္ခပေးနေတာမျိုးတော့ဖြစ်တတ်ပါတယ်။


CDC USB Driver ကိုကွန်ပျူတာမှာ Install လုပ်နည်းကို
အောက်ကလင့်မှာဝင်လေ့လာကြည့်လိုက်ပါ

CDC USB Driver ကိုကွန်ပျူတာမှာ Install ပြုလုပ်နည်း

Smart Phone Flash Tool (All Version) ကို
တော့အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်

Smart Phone Flash Tool (All Version) အားတစ်နေရာတည်း ရယူပါ


SP Flash Tool အသုံးပြုနည်း
===============

၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ။

၂။ ဒေါင်းလော့ရလာတဲ့ SP Flash Tool Zip ဖိုင်ကိုဖြေလိုက်ပါ


၃။ Flash Tool Folder ထဲမှ Flash Tool.exe ဖိုင်ကိုဖွင့်လိုက်ပါ။


၎။ အောက်ကပုံအတိုင်းပေါ်လာရင်တော့ Download ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။


၅။ Scatter-loading ဆိုတာကိုနှိပ်ပါ၊


၆။ မိမိမှာရှိတဲ့ Firmware Folder ထဲမှာ MTxxx_Android_Scatter_emmc.txt
ဖိုင်ကိုရွေးပေးလိုက်ပြီး Opne ကိုနှိပ်ပေးလိုက်ပါ။


၇။ ပြီးရင် Download ဆိုတာကိုနှိပ်လိုက်ပါ။


၈။ ဖုန်းကို Battery ဖြုတ်ပြီးကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ၊
ပြီးမှ Battery ကိုဖုန်းမှာတပ်အေးလိုက်ပါ။

အချို့သောဖုန်းတွေအတွက် Vo+Down or Vo+Up ကီးများကို
နှိပ်ထားပြီး USB ကြိုးနဲ့ကွန်ပျူတာမှာချိတ်ဆက်ပေးရပါမည်။

၉။ ဖုန်းကိုကွန်ပျူတာကသိပြီဆိုရင်တော့ Firmware ကို သူ့အလိုလို ရေးနေပါလိမ့်မယ်

၁၀။ အ၀ါရောင်တမ်း 100% တက်ပြီးသွားတဲ့အခါ Firmware ရေးခြင်းကိစ္စ
အောင်မြင်ကြောင်းအောက်ပါပုံအတိုင်းမြင်နေရပါလိမ့်မယ်၊


ကြိုးကိုဖြုတ် Battery ကိုဖြုတ်ပြန်တပ်ပြီးပါဝါကိုဖွင့်လိုက်ပါ။
SP Flash Tool အသုံးပြုပြီး Firmware ရေးတာအောင်မြင်ပါပြီ။
How to install firmware with SP Flash Tool
========================
G730-U00 ကို Flash Firmware ကို ရေးထားတာလေး
အသင့်ရှိနေတာနဲ့လေ့လာလို့ရအောင်လို့တင်ပေးလိုက်ပါတယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်

ဇူးနစ်(နည်းပညာ)







မင်္ဂလာပါ နည်းပညာ သန်းတန်ကိုလာရောက်လည်ကြတဲ့သူငယ်ချင်းတို့ရေ Link သေနေတာများတွေ့ရင်ကျေးဇူးပြု၍ Comment ပေးခဲ့ကြပါခင်ဗျာ။




 <<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>

Related Post

Previous
Next Post »

လိုအက်တာများတောင်ဆိုနိုင်ပါတယ်

မန်ဘာဝင်ခဲ့ခြင်းဖြင့်ပိုစ့်အသစ်တင်တိုင်း Gmail ထဲရောက်နေမှာပါ...

Blogroll